nat mi mal main ma hla lay

Transpose0
Auto scroll
30 px/s

နတ်မိမယ် မိန်းမလှလေး

Verse 1
လိုက်မိလေ ဝေးလေပဲ
မြေမိုးဆုံးအောင် တိမ်းရှောင်ကာ
ဝေးရာသို့ ထွက်ပြေးတော့မလား
ချစ်မိတဲ့သူ ရူးအောင်လုပ်တာလား
ကျီစယ်တာလား အချစ်ရေ ငါ့ကိုပြော
စုန်းပြေးတမ်းလို လိုက်ရင် ပြေးထွက်သွား
မလိုက်ပြန်တော့ ငါ့အနား ရစ်သီရစ်သီ လုပ်ပြန်ရော
ငါ့ဘဝကို မင်း အပျော်ကစားတာလား
စိတ်ကျေနပ်အောင်ကစား
ငါ့ကို သားကောင်ဖြစ်စေသလား
Chorus
နတ်မိမယ် မိန်းမလှလေး
မာယာတွေ အသိန်းအသန်းနဲ့ ဖမ်းစားထား
Verse 2
လိုက်မိလေ ဝေးလေပဲ
လေထဲလွင့်စင် မိုးတိမ်များလို
ကောင်းကင်ထဲမှာ ပြန့်ကျဲလို့သွား
သင်္ဘောပျက်လို ကမ်းခြေလိုက်ရှာရင်း
ပြန်လမ်းမတွေ့ဘဲ မင်းဆီပဲပြန်ရောက်
ခံစားချက်တွေပေးကာ လှည့်လည်သွား
နေ့တွေညတွေကြား ငါ့ကို လိပ်ပြာနှုတ်လေမလား
ငါ့ဘဝကို မင်းအပျော်ကစားပါတော့
စိတ်ကျေနပ်အောင်ကစား ငါ့ကို အငွေ့ပျံသွားစေလား
Chorus
နတ်မိမယ် မိန်းမလှလေး
မာယာတွေ အသိန်းအသန်းနဲ့ ဖမ်းစားထား