sat twal mu area pyin pa
Artists
Transpose0
Auto scroll
Chord Diagrams
ဆက်သွယ်မှုဧရိယာပြင်ပ
Intro
Em
(လူကြီးမင်းခေါ်ဆိုသော
cellular phone မှာ စက်ပိတ်ထားခြင်း
သို့မဟုတ်ဆက်သွယ်မှုဧရိယာပြင်ပတွင် ရောက်ရှိနေခြင်းကြောင့်
ခေါ်ဆိုမရနိုင်ပါရှင်)
Verse 1
Em
နေလို့မရ
ထိုင်လို့မရ မင်းပေးထားတဲ့ဒုက္ခ အလုပ်ကလုပ်မရ
ခေါင်းထဲမှာလည်းရှုပ်ပွ ဖုန်းဆက်ပါ ဖုန်းဆက်ပါ
ပြောလိုက်မိကာလေးမှ မနေ့တည်းက အခုချိန်ထိကို
ဘယ်ရောက်နေတယ် မသိရ အခုချိန်ထိမသိရလို့
ရင်ဘတ်ထဲမှာပြောင်းဆန် ဖုန်းခလုတ်ကိုဖွင့်ကာထား
ဒီတစ်ခုတော့တောင်းပန် ဒီအကြောင်းကိုအမြဲပြောလည်း
ဘယ်တော့မှပြောမဆုံး သူ့ကိုတွေ့ရင်ပြောလိုက်ပါ ဖုန်းဖွင့်ပါဦး
Verse 2
Em
ခဏခဏပြောရတော့လည်း
အများအမြင်မှာအပြစ်ဖြစ်
(Telephone က ဖွင့်ပါတယ် service မရတာ phone အပြစ်)
အဲလိုပြောမှပိုဆိုးတယ် ဒီဖုန်းတစ်လုံးကြောင့်စိတ်တွေညစ်
လူကိုမနိုင်တော့ ဖုန်းကိုမဲရ ဒုက္ခရောက်တဲ့ငါ့အဖြစ်
ဒီအသံကြားရင် မုန်းနေပြီ စိတ်နာနာနဲ့ ခလုတ်ကိုနှိပ်
ယုန်ထင်ကြောင်ထင်အတွေးကမ္ဘာမှာ ရူးနေသလားငါ့ရဲ့စိတ်
ဆင်ခြေတွေကို ပေးနေတာသိနေလျက်နဲ့ ခဏခဏနှိပ်
တော်တော်ကိုစိတ်နာတယ် မင်းပါးစပ်ပိတ်
Bridge
Em
(လူကြီးမင်းခေါ်ဆိုသော
cellular phone မှာ လူကြီးမင်း
ပြင်ပတွင် ရောက်ရှိနေခြင်းကြောင့် cellular ပိတ်ထားရနိုင်ပါရှင်
Music
( Em, G, Em, G )
Chorus 1
Em
(မင်းလုပ်တတ်တဲ့အကျင့်က
phone ပိတ်ထား
မင်းပြောတဲ့စကားက အလုပ်သိပ်များ
လုပ်ချင်တာလုပ်တတ်တဲ့ မင်းစိတ်ထား
ဟိုးအပြင်မှာရောက်နေတာ ဟုတ်ရဲ့လား)
Music
( Em, G, Em, G )
Chorus 2
Em
မင်းလုပ်တတ်တဲ့အကျင့်က
Phone ပိတ်ထား
မင်းပြောတတ်တဲ့စကားကအလုပ်သိပ်များ
G
လုပ်ချင်တာလုပ်တတ်တဲ့
မင်းစိတ်ထား
ဟိုးအပြင်မှာရောက်နေတာ ဟုတ်ရဲ့လား
Bridge 2
Em
(လူကြီးမင်းခေါ်ဆိုသော
cellular phone မှာ စက်ပိတ်ထားခြင်း
G
သို့မဟုတ်
ဆက်သွယ်မှုဧရိယာပြင်ပတွင်ရောက်ရှိနေခြင်းကြောင့်
ခေါ်ဆိုမရနိုင်ပါရှင်)
Chorus 3
Em
မင်းလုပ်တတ်တဲ့အကျင့်က
phone ပိတ်ထား
မင်းပြောတတ်တဲ့စကားက ဗလာ ဗလာ ဗလာ
G
လုပ်ချင်တာလုပ်တတ်တဲ့
မင်းစိတ်ထား
ဟိုးအပြင်ကိုရောက်နေတာ ဟုတ်ရဲ့လား
